1 332 333
အှ်ဆံင်းလာဆာ် သာယာလှပတဲ့ ရသေ့ပျံရွာကနေ ကြို ဆိုပါတယ်

>> Saturday, December 13, 2014

ရသေ့ပျံ ဂူသို့ နိုင်ငံတကာ ခရီးသွားများနှင့် ဒေသတွင်း ခရီးသွားများ စိတ်ဝင်စား လေ့လာ မှုများ ရှိလာ


ကရင်ပြည်နယ်ရှိ ဂူများအနက် ဆဒ္ဒန်ဂူနှင့် ရသေ့ပျံဂူကြီးသို့ နိုင်ငံတကာ ခရီးသွားများနှင့် ဒေသတွင်း ခရီး သွားများ စိတ်ဝင်စား လေ့လာမှုများရှိလာကြောင်း ဧည့်လမ်းညွှန်များထံမှ သိရသည်။ ကရင်ပြည်နယ် ဘားအံ မြို့ဝန်းကျင်၌ ဂူများစွာရှိရာ  အဆိုပါ ဂူများမှာ ဆဒ္ဒန်ဂူ၊ကော့ကသောင်ဂူ၊ ကော့ဂွန်းဂူ၊ ပတ္တမြားဂူ၊  ဘုရင့်ညီဂူ၊  ခရုံဂူ၊ လင်းနို့ဂူနှင့် ရသေ့ပျံဂူတို့ ဖြစ်သည်။ ၎င်းဂူများသို့ ခရီးသွားများ သွားရောက်လေ့လာနိုင်ပြီး အကြီးဆုံး နှင့် အရှည်ဆုံးဂူဖြစ်သည့် ဆဒ္ဒန်ဂူနှင့် ဒုတိယအကြီးဆုံး ရသေ့ပျံဂူတို့မှာ နိုင်ငံတကာ ခရီးသွားများနှင့် ဒေသတွင်း ခရီးသွားများကို ဆွဲဆောင်နိုင်အား ရှိသည်ဟု ဧည့်လမ်းညွှန်များက ပြောသည်။
''ကရင်ပြည်နယ်က မြန်မာနိုင်ငံရဲ့ လှပတဲ့ ဒေသတွေထဲမှာ တစ်ခု အပါအဝင်ပါ။ ဘားအံမြို့ကနေ သံလွင် မြစ်ကူးတံတားကို ဖြတ်ပြီးတာနဲ့ လက်ဝဲဘက် ကျောက်သားလမ်းအတိုင်း အနောက်ဘက်ကို ချိုးဝင်ရင်  ရသေ့ပျံဂူအထိ ရောက်တယ်။ ဘားအံမြို့ဝန်းကျင်မှာ လမ်းဘေးဝဲယာ စပါးခင်းတွေနဲ့ စိမ်းလန်းတဲ့ ရှုခင်း တွေကို ခံစားနိုင်တဲ့အပြင် ကျောက်တောင် မြင့်မြင့်ကြီးတွေနဲ့ သဘာဝလိုဏ် ဂူတွေ၊ တောရိုင်းမျောက်တွေ ရဲ့ ဆော့ကစား အော်ဟစ် သံတွေကို ကြားရပါတယ်။ ထူးခြားတဲ့အချက်က အဲဒီတောင်တွေ၊ ဂူတွေကြားမှာ မြွေကြီးတွေကို တွေ့နိုင်ပေမယ့် မြွေကိုက်ခံရတဲ့သူ တစ်ဦးတစ်ယောက်မှ မရှိပါဘူး''ဟုခရီးသွား သုတေသီ တစ်ဦးက ပြောကြားခဲ့သည်။
ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရသေ့ပျံဂူကြီးမှာ အတွင်း အလျားပေ ၈ဝဝ ခန့်ရှိပြီး အကျယ်ဆုံး ဂူဝမှာ ပေ ၈ဝ၊ အမြင့်ပေ ၅ဝ ရှိကာ ဂူအလယ်တွင် အနက်ပေ ၅ဝ ဝန်းကျင်ရှိ မြေချိုင့်တွင်းနက်ကြီး ရှိသည်ဟု သိရသည်။ ဂူအဝင်ဝကို အုတ်လှေကားဖြင့် တက်နိုင်ပြီး ပထမဆုံး တွေ့ရသည့်ဂူတွင် ၁၉ ရာစု လောက်မှ ဘုရား ဆင်းတုတော်များကိုလည်း တွေ့ရသည်။  အဆိုပါ ဂူတွင်  သဘာဝအလျောက် ဖြစ်တည်မှုများနှင့် သဘာဝ အလှများသည် နိုင်ငံတကာ ခရီးသွားများကို ဖမ်းစားနိုင်မှု ရှိနေကြောင်း ဧည့်လမ်းညွှန်များ ထံမှ  သိရသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP